ရှောင်လွဲ၍မရသောမဟာပြဿနာကိုရင်ဆိုင်ခြင်း

သေခြင်းနဲ့သေလုနီးပါးဖြစ်ခြင်းကို ကြောက်စိတ်မရှိဘဲ ဘယ်လိုရင်ဆိုင်မလဲ …

By Brandon Markette

တမလွန်၌အသက်ရှင်ခြင်း - သေခြင်းကိုရင်ဆိုင်ခြင်း။ ကမ္ဘာတလွှားနဲ့ လူ့သမိုင်းတလျှောက် လူသားအားလုံးမှာ တူညီတဲ့အတွေ့အကြုံတစ်ခု ရှိမယ်ဆိုရင် အဲဒါဟာ သေခြင်းတရားပါ။ သေခြင်းဆိုတာ ကျနော်တို့အားလုံး ရင်ဆိုင်ရ မယ့်အရာပါ -- ဘယ်လိုလေ့ကျင့်မှု (သို့) အစာလေ့ကျင့်စားသောက်မှုစနစ်၊ ဘယ်လိုကမ္မဋ္ဌာန်းထိုင်နည်း၊ ငွေပမာဏ ဘယ်လောက်နဲ့မျှ ဒီအရာကို ရှောင်လွှဲလို့မရပါဘူး။ ဒါဟာ မဟာညီမျှမှုတစ်ခုပဲ ဖြစ်ပါတယ်။

လူတော်တော်များများအတွက် အဆုံးသတ်သေခြင်းတရားဟာ တမလွန်ဘဝမသေချာမှုနဲ့ ထပ်ဆင့်လိုက်တဲ့အခါ တုန်လှုပ်ခြောက်ခြားစရာ ဖြစ်နေပါတယ်။ အိုမင်းရင့်ရော်လာခြင်းကိုတားဆီးဖို့ ကျနော်တို့ အစွမ်းကုန်ကြိုးစားနေစဉ် မှာပဲ သေခြင်းတရားကို ကျနော်တို့ဝန်းကျင်မှာ တွေ့ကြုံနေရပါတယ်။ နောက်ထပ်ပေါ်လာမယ့် ဆေးဝါး၊ ခွဲစိပ်ကုသမှု၊ သို့မဟုတ် ဗီဇလက္ခဏာဆိုင်ရာတွေ့ရှိချက်က လူ့အသက်ကို ဆွဲဆန့်နိုင်တဲ့သော့ချက် ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တတ်ကြပါတယ်။

သေခြင်းကိုငြိမ်းချမ်းစွာရင်ဆိုင်ခြင်း … တမလွန်၌အသက်ရှင်ခြင်း

လူတိုင်းက သေခြင်းတရားကို ကြောက်စိတ် (သို့) မသေချာခြင်းနဲ့ ရင်ဆိုင်နေကြတာတော့ မဟုတ်ပါဘူး။ နှစ်အနည်း ငယ်ခန့်က ကျနော့်မိတ်ဆွေတစ်ယောက်ဟာ မျက်နှာမလိုက်တတ်တဲ့ ဒီသေခြင်းတရားကို ရင်ဆိုင်ခဲ့တယ်။ သူ ၁၆ နှစ်သားမှာ အစာအိမ်ကင်ဆာရှိတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တယ်။ ဆရာဝန်တွေလည်း လက်လှမ်းမှီသမျှ ကုထုံးတွေ အားလုံးနဲ့ကုသပေမယ့် တစ်ခုမှအရာမရောက်ပါဘူး။ တစ်နှစ်ခွဲလောက် ရော့ဘ်ဟာ မြို့နှစ်မြို့ရဲ့ဆေးရုံ ၃ နေရာမှာ ကုသခဲ့တယ်။ အဲဒီချိန်မှာ သူဟာ ကိုယ်အလေးချိန် ပေါင် ၉ဝ ကျပြီး ဆံပင်တွေအားလုံး ကျွတ်ကုန်ပါပြီ။ သူဟာ အပြင်လူနာဖြစ်လိုက်၊ အတွင်းလူနာဖြစ်လိုက်ပါပဲ။ ဝမ်းနည်းစရာက ၁၈ လ ကြာတဲ့အခါ သူ့အတွက် နောက်ထပ် ကုသနည်း ဘာမှမကျန်တော့ပါဘူး။

ကြိုးစားမှုတွေကုန်ဆုံးသွားတဲ့အခါ ရော့ဘ်ရဲ့ဆရာဝန်တွေက သူ့အတွက်တစ်ခုပဲ လုပ်ပေးနိုင်ကြတော့တယ်။ သူ့ဘဝ နောက်ဆုံးအချိန်တွေမှာ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ အိမ်ပြန်ခွင့်ပြုလိုက်ကြတယ်။ အဲဒီတော့ ကျနော် အလွန် အမင်းကို ဝမ်းနည်းရတယ်၊ ချစ်ရတဲ့သူငယ်ချင်းတစ်ယောက်ဆုံးရှုံးရမှာကြောက်ပြီး ဘုရားကိုစိတ်ဆိုးခဲ့တယ်။ ဘုရားသခင် သူ့ကိုမပျောက်ကင်းစေဘူးလို့ ဒေါသထွက်မိတယ်။ ရော့ဘ်ဟာ အများကြီးလက်လွှတ်ဆုံးရှုံးရတော့မှာ မို့လည်း ဒေါသထွက်မိတာပါ။

အံ့သြစရာကတော့ ရော့ဘ်ဟာ ကျနော့်ခံစားမှုကို ဘယ်လိုမှသဘောမထားဘူး။ အမှန်ပြောရရင် ဒီတုန်လှုပ်စရာ ကံကြမ္မာကြီးကို သူက ရည်းစားနဲ့ပထမဆုံးချိန်းတွေ့တဲ့နေ့မှာခံစားရတဲ့ စိတ်လှုပ်ရှားမှုမျိုးလောက်နဲ့ပဲ ရင်ဆိုင်နေပုံပါ။ ဒီလိုအခြေအနေတွေ့ကြုံနေချိန်မှာတောင် သူ့မှာရှိတဲ့ငြိမ်းချမ်းမှုကိုစဉ်းစားမိရင် ကျနော် ဒီနေ့ထက်ထိ အံ့သြမင်သက် ဖြစ်ရပါတယ်။

သူ့မှာရှိတဲ့ငြိမ်းချမ်းမှုဟာ မွေးကတည်းကပါလာတဲ့ လူ့ဘဝကိုအေးအေးလူလူရှုမြင်တတ်တဲ့အမြင်သာသာမျိုး မဟုတ် ပါဘူး။ ပြီးတော့ ‘ပျော်ပျော်နေသေခဲ’ စိတ်ထားမျိုးကနေ ဖြစ်လာတာလည်း မဟုတ်ပါဘူး။ ဒါဟာ ရောဂါတွေ့ရှိချက် အစပိုင်း မတိုင်မှီကတည်းက သူချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်တစ်ခုကနေ ထွက်လာတာပါ။ အဲဒီဆုံးဖြတ်ချက်နဲ့ပဲ ရော့ဘ်ဟာ ဘုရားသခင်ထံကနေ ငြိမ်းချမ်းမှုကို တွေ့ရှိသွားခဲ့တာဖြစ်ပါတယ်။

တမလွန်မှာဘယ်လိုအသက်ရှင်နိုင်သလဲ ရော့ဘ်သိရှိခဲ့

ရော့ဘ်ဟာ အဲဒီငြိမ်းချမ်းမှုကို သမ္မာကျမ်းစာမှာ တွေ့ရှိခဲ့တာပါ။ ရောမသြဝါဒစာထဲက “လူအပေါင်းတို့သည် ဒုစရိုက်ကို ပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီ (ရောမ ၃း၂၃)” ဆိုတာကို တွေ့ရှိသွားတယ်။ ပြီးတော့ “အပြစ်တရား ၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း (ရောမ ၆း၂၃)” ဆိုတာကိုလည်း ဖတ်ရှုခဲ့တာဖြစ်ပါတယ်။

ယေရှုဟာ ဟေရှာယက “နာမတော်ကား ‘အံ့သြဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဖ၊ ငြိမ်သက်ခြင်းအရှင်’ ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်” (ဟေရှာဟ ၉း၆) လို့ ရည်ညွှန်းရေးသားခဲ့တဲ့သူ ဖြစ်ပါတယ်။ ငြိမ်သက်ခြင်းအရှင် ကမ္ဘာကိုဆင်းကြွခဲ့တာဟာ လူတိုင်း ဘုရားနဲ့ငြိမ်းချမ်းရေး ရရှိဖို့ရန်ဖြစ်ပါတယ်။ ရော့ဘ်ဟာ ယေရှု၌ယုံကြည်ခြင်းကိုတည်ထားဖို့ ဆုံးဖြတ်ခဲ့ပြီး အဲဒီငြိမ်သက်ခြင်း အမှန်ဖြစ်တည်လာတာဖြစ်ပါတယ်။

တမလွန်၌အသက်ရှင်ခြင်း … ကျနော်တို့ရဲ့ဆုံးဖြတ်ချက်

ရော့ဘ်တစ်ယောက်ပဲ ဒီဆုံးဖြတ်ချက်ချဖို့ လိုအပ်တဲ့သူ မဟုတ်ပါဘူး၊ အားလုံးဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဘုရားပေးတဲ့ ထာဝရအသက်ကို လက်ခံရမလားဆိုတာ ကျနော်တို့ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒါကိုငြင်းဆန်ခဲ့ရင်တော့ ကျနော်တို့ဟာ နာမ်ဝိညာဉ်သေခြင်း -- ဘုရားနဲ့ထာဝရဝေးကွာခြင်း -- အတွက် စီရင်ချက်ချခံရမှာပါပဲ။ လက်ခံခဲ့ရင်တော့ ထာဝရ အသက်ကို ပိုင်ဆိုင်ရမယ်ဖြစ်ပါတယ်။

ထာဝရအသက်ဆိုတာ ခန္ဓာသေခြင်းကနေလွတ်မြောက်မယ်လို့ ဆိုလိုတာမဟုတ်ပါဘူး၊ ခန္ဓာသေခြင်းက ကောင်းကင် မှာထာဝရအသက်ရှင်ခြင်းဆီကိုခေါ်ဆောင်မယ်ဆိုတာ သိရတဲ့အတွက် သေခြင်းတရားကို ပိုမိုလွယ်ကူစွာ ရင်ဆိုင်နိုင် မှာဖြစ်ပါတယ်။ ဒါဟာ ရော့ဘ်တွေ့ရှိခဲ့တဲ့ အမှန်တရားပဲဖြစ်တယ်။ ဘုရားနဲ့ဆက်သွယ်ချက်ရရှိပြီးခြင်းက လောကမှာ မဟာပြောင်းလဲမှုကို ဖြစ်ပေါ်စေတာပါ။ ဒါဟာ ကျနော်ကိုယ်တိုင်လည်း တွေ့ရှိခဲ့တဲ့ အမှန်တရားပဲဖြစ်ပြီး၊ ဘုရားနဲ့ ဆက်သွယ်မှုက ကျနော့်နေ့စဉ်အသက်တာမှာ ပြောင်းလဲမှုအတိကို ဖြစ်စေခဲ့ပါတယ်။

သင်ဟာ သေခြင်းတရားကို ရင်ဆိုင်နေရတယ်၊ တမလွန်ဘဝအကြောင်း စူးစမ်းလိုတယ်ဆိုရင်၊ ဒါမှမဟုတ် ဘဝရဲ့ အခက်အခဲတွေကို ရင်ဆိုင်နေရတယ်ဆိုရင်တောင် ငြိမ်သက်ခြင်းနဲ့ မျှော်လင့်ခြင်းကို သင်ပိုင်ဆိုင်နိုင်ပါသေးတယ်။ ကျေးဇူးပြု၍ “ဘုရားကိုကိုယ်တိုင်ကိုယ်ကျသိခြင်း” ကို ရှုပါ။

ဘုရားသခင်နဲ့ဆက်သွယ်မှု ဘယ်လိုအစပြုမလဲ?

မေးစရာတစ်ခုရှိပါတယ်

ဆောင်းပါးကိုဝေမျှရန်