ဘုရားရှိသလား?

ဘုရားဆိုတာရှိသလား? ဘုရား အမှန်တကယ်ရှိတယ်ဆိုတာယုံကြည်ဖို့ ရှင်းလင်းတိကျသော အကြောင်းပြချက်များ (၆)ချက် ပြောပြပါမယ်။

မေရီလင်းအာဒမ်ဆင်ထံမှ

proof of Godဘုရားရှိတယ်ဆိုတဲ့အထောက်အထားကို တစ်ယောက်ယောက်က တစ်ကြိမ်တစ်ခါလောက် သင့်ကိုပြတာမျိုး မလိုချင်ဘူးလား? အကျပ်ကိုင်တာမျိုး မဟုတ်ပါဘူး။ “ယုံသာယုံလိုက်ပါ” လို့လည်း မဆိုပါဘူး။ ဟုတ်ပြီ၊ ဘုရားရှိတယ်ဆိုတဲ့ အကြောင်းပြချက်တချို့ကိုသာ ဘွင်းဘွင်းရှင်းရှင်းပဲ ပြောလိုက်ပါရစေ။

ဒါပေမယ့် ဒါကိုအရင်စဉ်းစားပါ။ ဘုရားတည်ရှိခြင်းရဲ့ ဖြစ်နိုင်ခြေရှိမှုတွေနဲ့ ပတ်သက်လာရင်၊ သမ္မာကျမ်းစာထဲမှာပြောထားတာက- တချို့သောသူတွေက ခိုင်လုံတဲ့အထောက်အထားတွေ တွေ့သော်လည်းပဲ ဘုရားနဲ့ပတ်သက်တဲ့အမှန်တရားတွေကို ချိုးနှိမ်ထားကြတာပဲဖြစ်တယ်လို့ပြောပါတယ်။ ဒါပေမယ့် ဘုရားရှိလားသိချင်တဲ့သူတွေအတွက် ဘုရားက “ငါ့ကို ရှာသောအခါ၊ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင် တွေ့ကြလိမ့်မည်။ ငါသည်လည်း သင်တို့အတွေ့ကို ခံမည်။” လို့ ပြောပါတယ်။ ဘုရားရှိကြောင်းဖော်ပြချက်တွေ မကြည့်ခင်မှာ ကိုယ့်ကိုယ်ကို မေးကြည့်ပါ၊ ဘုရားတကယ်ရှိတယ်ဆိုရင် ငါ သူ့ကိုသိဖို့လိုမလား? ဆင်ခြင်တွေးတောဖို့အချက်တချို့ အောက်မှာရှိပါတယ်။

(၁) ဘုရားတည်ရှိပါသလား? - ကျနော်တို့ကမ္ဘာမြေကြီးရဲ့နက်နဲရှုပ်ထွေးမှုဟာ ကျနော်တို့စကြာဝဠာကြီးကို ဖန်ဆင်းရုံမက ဒီနေ့ထက်ထိထိန်းချုပ်နေတဲ့ ရည်ရွယ်ချက်ရှိရှိ ပုံစံပြုသူတစ်ဦးရှိနေမှန်း ညွှန်ပြနေပါတယ်။

ဘုရားရဲ့ပုံစံပြုခြင်းကိုဖော်ပြတဲ့ဥပမာတွေ အများကြီးပေးလို့ရပါတယ်၊ ကုန်မယ်တောင်မထင်ဘူး။ ဒီမှာ အနည်းငယ် ပေးပါမယ်။

ကမ္ဘာမြေကြီး - အရွယ်အစားက တကယ့်ကို ကွက်တိပါ။ ကမ္ဘာ့အရွယ်အစားနဲ့ သူနဲ့လိုက်လျောညီထွေတဲ့ ဆွဲအားက နိုက်ထရိုဂျင်နဲ့ အောက်ဆီဂျင်ဓာတ်ငွေ့တွေနဲ့ ဖွဲ့စည်းထားတဲ့၊ ကမ္ဘာမြေမျက်နှာပြင်အထက် မိုင် ၅၀ ခန့်သာကျယ်တဲ့ အလွှာပါးပါးလေးကို ထိန်းချုပ်ထားပါတယ်။ ကမ္ဘာမြေ ဒီ့ထက်ပိုငယ်မယ်ဆိုရင်တော့ ကမ္ဘာ့လေထုဖြစ်လာမှာ မဟုတ်ပါဘူး။ ဥပမာ၊ မာကျူရီဂြိုဟ်လိုပေါ့။ ဒီ့ထက်ပိုကြီးမယ်ဆိုပြန်ရင်လည်း ကမ္ဘာ့လေထုမှာ သီးခြားဟိုက်ဒရိုဂျင် (ဟိုက်ဒရိုဂျင်သီးသန့်) တွေ ပါလာပြန်တော့မယ်။ ဂျူပီတာဂြိုဟ်လိုပေါ့။ ကမ္ဘာဂြိုဟ်သာလျှင် ဓာတ်ငွေ့အချိုးအစားမျှတစွာ ပေါင်းစပ်ထားသောလေထုရှိတဲ့ တစ်ခုတည်းသောဂြိုဟ်လို့သိရပါတယ်။ အဲဒီလေထုကမှ အပင်၊ တိရိစ္ဆာန်နဲ့ လူ့အသက်ကို ရှင်သန်စေနိုင်တာလေ။

existence of Godကမ္ဘာမြေဟာ နေနဲ့ တော်လျော်တဲ့အကွာအဝေးကနေ တည်ရှိနေပါတယ်။ ကျနော်တို့ရရှိတဲ့ အပူချိန်လွှဲတွေကို တွက်ဆကြည့်ပါ၊ အကြမ်းဖျင်း -၃၀ ဒီဂရီကနေ +၁၂၀ ဒီဂရီထိရှိပါတယ်။ တကယ်လို့ ကမ္ဘာမြေသာ နေလုံးကနေ အနည်းငယ် ဝေးကွာမယ်ဆိုရင် ကျနော်တို့အားလုံး အေးခဲသွားကုန်မယ်။ အနည်းငယ် နီးကပ်ပြန်မယ်ဆိုလည်း အားလုံးပြာကျကုန်မယ်။ နေကနေ ကမ္ဘာမြေရဲ့အနေအထား အနည်းငယ် တိမ်းစောင်းသွားတာနဲ့တောင် ကမ္ဘာမြေပေါ်မှာ သက်ရှိဆိုတာ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ကမ္ဘာမြေဟာ နေနဲ့ အံကိုက်အကွာအဝေးမှာ ရှိနေပြီးတော့ နေပတ်လမ်းကြောင်းအတိုင်း တစ်နာရီ ၆၇၀၀၀ မိုင်နှုန်းနဲ့ ရွေ့လျားလည်ပတ်နေတာပါ။ ပြီးတော့ နေ့စဉ်နဲ့အမျှ ကမ္ဘာ့မျက်နှာပြင်တစ်ခုလုံး သင့်တင့်စွာ ပူနွေးစေရန်၊ အေးမျှစေရန် သူ့ဝင်ရိုးပေါ်တည်ပြီး လည်ပတ်နေပါတယ်။

ပြီးတော့ ကျနော်တို့ လဟာလည်း အရွယ်အစား အံကိုက်ရှိပြီး ကမ္ဘာမြေကနေ ဆွဲအားအတိုင်း ကွက်တိအကွာအဝေးမှာ ရှိနေပါတယ်။ လဟာ ပင်လယ်ရေတွေ တန့်မနေအောင် လိုအပ်တဲ့ ဒီရေအတက်အကျတွေကို ဖန်တီးပေးပါတယ်။ ဒါပေမယ့် ကြီးမားတဲ့ပင်လယ်ဒီရေလှိုင်းလုံးတွေ ကမ္ဘာ့ကုန်းတွင်းပိုင်းတွေပေါ်အထိ ဖိတ်စင်ထိုးတက်မသွားအောင် ထိန်းချုပ်ထားပါတယ်။

ရေ - အရောင်မဲ့၊ အနံ့မဲ့၊ ပြီးတော့ အရသာမဲ့ဖြစ်ပါတယ်။ ဒါပေမယ့် ရေမပါဘဲ ဘယ်သက်ရှိမှ မရှင်သန်နိုင်ပါဘူး။ အပင်တွေ၊ တိရိစ္ဆာန်တွေနဲ့ လူသားတွေဟာ အဓိကအားဖြင့် ရေနဲ့ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။ (လူ့ခန္ဓာ သုံးပုံနှစ်ပုံခန့်ဟာ ရေပါ။) ရေရဲ့ထူးခြားသော လက္ခဏာတွေဟာ အသက်နဲ့ ဘာကြောင့်ထူးခြားစွာ လိုက်လျောညီထွေ ဖြစ်ရသလဲဆိုတာ ကြည့်ရအောင်။

ရေမှာ တမူထူးခြားစွာ ရေဆူမှတ်ထိဆူပွက်နိုင်ပြီး ရေခဲမှတ်ထိလည်း အေးခဲနိုင်ပါတယ်။ ရေဟာ ကျနော်တို့ခန္ဓာကိုယ်အပူချိန် ပုံသေ ၉၈.၆ ဒီဂရီမှာ ထိန်းပေးထားပြီးတော့ အပူချိန်အတက်အကျ ပြောင်းလဲနေတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်အသက်ရှင်စေပါတယ်။

proof of Godရေဟာ အကန့်အသတ်မဲ့ဖျော်ရည်ဖြစ်ပါတယ်။ အဲဒီ “ရေ” ဆိုတဲ့ပစ္စည်းဟာ လိုအပ်တဲ့ ဓာတုဗေဒပစ္စည်းအမျိုးမျိုး၊ သတ္တုဓာတ်နဲ့ အာဟာရဓာတ်များကို ကျနော်တို့ခန္ဓာကိုယ်အနှံ့ သယ်ဆောင်နိုင်ပြီး အသေးမွှားဆုံးသောသွေးကြောများထဲထိ ပို့ဆောင်ပေးနိုင်ပါတယ်။

ရေဟာ ဓာတုဗေဒသဘောအရ အာနိသင်မဲ့ ဖြစ်ပါတယ်။ သူသယ်ဆောင်တဲ့ အစာ၊ ဆေးနဲ့ ဓာတ်ဆားရည်များကို ခန္ဓာကိုယ်က စုပ်ယူအသုံးပြုနိုင်အောင် အာနိသင်မပျောက်မပျက် သယ်ဆောင်ပေးပါတယ။်

ရေမှာ ထူးခြားတဲ့ ကမ္ဘာ့မျက်နှာပြင်အားပြိုင်မှုဂုဏ်သတ္တိ ရှိပါတယ်။ ဒါကြောင့် ကမ္ဘာ့ဆွဲအားကိုဆန့်ကျင်ပြီး အပင်တွေထဲကနေ အသက်ရှင်သန်စေတဲ့ ရေနဲ့အာဟာရတွေကို သယ်ဆောင်ပြီးတော့ အမြင့်ဆုံးသစ်ပင်များထိပ်ဆီကို စီးတက်နိုင်ခြင်းဖြစ်ပါတယ်။

ရေဟာ အထက်ကနေအေးခဲပြီး ပေါလောပေါ်တတ်ပါတယ်။ ဒါကြောင့် ငါးတွေ ဆောင်းတွင်းမှာ အသက်ရှင်နေနိုင်တာဖြစ်ပါတယ်။

ကမ္ဘာမြေရဲ့ရေ ၉၇%ဟာ သမုဒ္ဒရာထဲမှာ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ကုန်းမြေပေါ်မှာ ရေထဲကနေ ဆားကိုစစ်ထုတ်ပြီးတော့ တကမ္ဘာလုံးဆီသို့ ရေဖြန့်ဝေပေးတဲ့စနစ်တစ်ခု ရှိပါတယ်။ အငွေ့ပျံခြင်းက ပင်လယ်ရေတွေကို ယူဆောင်တယ်၊ ဆားတွေကို စစ်ချထားတယ်၊ ပြီးတော့ တိမ်တွေကို ဖွဲ့ပေးတယ်။ အဲဒီတိမ်တွေကို လေကသယ်ဆောင်ပြီးတော့ အသီးအနှံ၊ တိရိစ္ဆာန်နဲ့ လူတွေအတွက် ကမ္ဘာ့မျက်နှာပြင်တခုလုံးဆီကို မိုးရေအဖြစ်နဲ့ ပြန်လည်ဖြန့်ချရွာသွန်းပေးတယ်။ အဲဒါဟာ ဒီကမ္ဘာဂြိုဟ်ပေါ်က သက်ရှိအားလုံးကို ရှင်သန်လည်ပတ်စေတဲ့ သန့်စင်ပေးခြင်းနဲ့ ထောက်ပံ့ခြင်းစနစ်ပဲ ဖြစ်ပါတယ်။ ရေ ပြန်လည်စစ်ချခြင်းနဲ့ ပြန်လည်သုံးစွဲခြင်းစနစ် ဖြစ်ပါတယ်။

လူ့ဦးနှောက် - သတင်းအချက်အလက် အံ့ဖွယ်မြောက်များစွာကို တပြိုင်နက်တည်းမှာ စဉ်းစားလုပ်ဆောင်နိုင်ပါတယ်။ သင့်ဦးနှောက်က သင်မြင်တွေ့သမျှ အရောင်များနဲ့ ဝတ္ထုများ၊ သင့်ဝန်းကျင်အပူချိန်၊ ကြမ်းပြင်ပေါ်က သင့်ခြေထောက်ရဲ့ဖိအား၊ ပတ်ဝန်းကျင်အသံဗလံများ၊ သင့်ရဲ့ အာခေါင်ခြောက်သွေ့မှု၊ ပြီးတော့ သင့်ကွန်ပျူတာကီးဘုတ် အထိအတွေ့များကိုပါ ယူမှတ်သိုမှီးထားပါတယ်။ သင့်ဦးနှောက်က သင့်စိတ်ခံစားမှုတွေ၊ အကြံအစည်တွေ၊ မှတ်ဉာဏ်တွေအားလုံးကို ထိန်းချုပ်ပြီး စနစ်တကျလုပ်ဆောင်ပေးပါတယ်။ တချိန်တည်းမှာပဲ သင့်အသက်ရှူနည်းပုံစံ၊ မျက်ခွံလှုပ်ရှားမှု၊ ဆာလောင်မှု၊ လက်ဖဝါးပေါ်ကကြွက်သားများရဲ့လှုပ်ရှားမှုအစရှိတဲ့ ခန္ဓာကိုယ်ရဲ့ ဆောင်ရွက်နေဆဲလုပ်ငန်းလမ်းကြောင်းများကို မှတ်သားပေးထားပါတယ်။

existence of Godလူ့ဦးနှောက်ဟာ တစ်စက္ကန့်အတွင်းမှာ တစ်သန်းထက်မက သတင်းအချက်အလက်များကို စဉ်းစားလုပ်ဆောင်နိုင်ပါတယ်။ သင့်ဦးနှောက်က ဒီအချက်အလက်တွေအားလုံးရဲ့ အရေးကြီးမှုတွေကို ချင့်ချိန်ပြီးတော့ သိပ်အရေးမကြီးတဲ့အချက်အလက်တွေကို စစ်ထုတ်ပါတယ်။ အဲဒီ စစ်ထုတ်ခြင်းလုပ်ငန်းဟာ သင့်ကို အာရုံစူးစိုက်ပြီးတော့ အလုပ်မှာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် ခွင့်ပြုတဲ့အရာပဲ ဖြစ်ပါတယ်။ ဦးနှောက်ဟာ တခြားကိုယ်အင်္ဂါအစိတ်အပိုင်းများနဲ့ မတူ တမူထူးခြားစွာ လုပ်ဆောင်ပါတယ်။ ဦးနှောက်ကို နက်နဲသောဉာဏ်ပညာနဲ့ပြုလုပ်ထားပါတယ်။ ဆင်ခြင်စဉ်းစားနိုင်စွမ်း၊ ခံစားချက်ထုတ်လုပ်နိုင်စွမ်း၊ ကြံစည်စီစဉ်နိုင်စွမ်း၊ ကြံစည်စီစဉ်တဲ့အတိုင်း လုပ်ဆောင်နိုင်စွမ်း၊ ပြီးတော့ အခြားသူများနဲ့ ဆက်ဆံနိုင်စွမ်း စတာတွေ ပါရှိပါတယ်။

မျက်လုံး - အရောင်အသွေး (၇)သန်းမျှကို ခွဲခြားနိုင်စွမ်းရှိပါတယ်။ သူ့မှာ အလိုအလျောက် ဗဟိုပြုနိုင်စွမ်းရှိပြီးတော့ တပြိုင်နက်တည်းမှာပဲ အရာဝတ္ထု ၁.၅ သန်းမျှကိုပင် ခြုံငုံထားနိုင်ပါတယ်။ ဆင့်ကဲဖြစ်စဉ်ဟာ တည်ဆဲဇီဝရုပ်များအတွင်းဖြစ်ပေါ်တဲ့ (သို့) တည်ဆဲဇီဝရုပ်များမှဖြစ်ပေါ်လာတဲ့ သန္ဓေပြောင်းလဲခြင်းကိုသာ အာရုံစိုက်လေ့လာတာဖြစ်ပါတယ်။ ဒါတောင် ဆင့်ကဲဖြစ်စဉ်က မျက်လုံးနဲ့ ဦးနှောက်ရဲ့ ကနဦးရင်းမြစ်ကိုတောင် လုံးစေ့ပတ်စေ့ ရှင်းမပြနိုင်ပါဘူး။ သက်မဲ့ဝတ္ထုထဲက သက်ရှိဇီဝရုပ်တွေရဲ့ အစကိုလေ။

(၂) ဘုရားတည်ရှိပါသလား? - စကြာဝဠာကြီးမှာ အစရှိခဲ့တယ် - ဘာကဖြစ်စေခဲ့သလဲ?

သိပ္ပံပညာရှင်တွေက ကျနော်တို့ စကြာဝဠာကြီးဟာ စွမ်းအင်နဲ့ အလင်းတို့ ကြီးမားစွာ ပေါက်ကွဲပြီး အစပြုလာခဲ့တယ်လို့ လက်ခံယုံကြည်ကြပါတယ်။ ဒါကို ကျနော်တို့ Big Bang (သို့) မဟာပေါက်ကွဲမှုလို့ ခေါ်ကြပါတယ်။ အဲဒါ ရှိရှိသမျှအရာခပ်သိမ်းရဲ့ တစ်ခုတည်းသောအစဖြစ်ပါတယ်။ စကြာဝဠာကြီးရဲ့အစ၊ အာကာသရဲ့အစ၊ ပြီးတော့ အချိန်ရဲ့အစလည်း ဖြစ်ပါတယ်။

မိမိကိုယ်ကို ဘုရားတရားမယုံကြည်သူလို့ခံယူတဲ့ ရူပနက္ခတ္တဗေဒပညာရှင် ရောဘတ်ဂျက်စထရိုးက “စကြာဝဠာကြီးထဲက ဖြစ်တည်သမျှ ခပ်သိမ်းရဲ့မျိုးစေ့ဟာ အဲဒီ အဦးဆုံးသောအခြင်းအရာမှာ စိုက်ပျိုးထားပြီးဖြစ်ပါတယ် - အာကာသလုံးဆိုင်ရာပေါက်ကွဲမှုကြီး ဖြစ်ပွားတာနဲ့တချိန်တည်း အရာရာဟာ ရုပ်မြင်လှုပ်ရှားလာပြီး အဲဒီရလာဒ်ကြောင့်ပဲ စကြာဝဠာထဲက ကြယ်တိုင်း၊ ဂြိုဟ်တိုင်းနဲ့ သက်ရှိတိုင်းဟာ သက်ဝင်လှုပ်ရှားလာတာ ဖြစ်ပါတယ်။ စကြာဝဠာကြီးဟာ လျှပ်တပြက် ပေါ်ထွန်းလာပြီးတော့ အဲဒါကို ဘာကဖြစ်စေတယ်ဆိုတာတော့ ကျနော်တို့ မသိရပါဘူး။” လို့ ပြောခဲ့ပါတယ်။

ရူပဗေဒဆိုင်ရာနိုဘယ်လ်ဆုရှင် စတီဗင်ဝိုင်းဘတ်ဂ် ပြောတာက - အဲဒီပေါက်ကွဲမှုဖြစ်လာတာနဲ့ တပြိုင်နက် “စကြာဝဠာကြီးဟာ သန်းထောင်ပေါင်းတစ်ရာဒီဂရီစင်တီဂရိတ်လောက်ကို ချဲ့ကားထွက်သွားပြီးတော့ စကြာဝဠာတခွင်လုံး အလင်းနဲ့ပြည့်သွားပါတယ်။”၁၀ လို့ ပြောခဲ့ပါတယ်။

စကြာဝဠာကြီးဟာ အမြဲတမ်း ဒီအတိုင်း ရှိနေခဲ့တာ မဟုတ်ပါဘူး။ သူ့မှာ အစရှိပါတယ် - ဘာကဖြစ်စေတာလဲ? သိပ္ပံပညာရှင်တွေဆီမှာ အလင်းနဲ့ဝတ္ထုရုတ်တရက်ပေါက်ကွဲခြင်းအတွက် ရှင်းပြချက် မရှိပါဘူး။

(၃) ဘုရားတည်ရှိပါသလား? - စကြာဝဠာကြီးဟာ တူညီသောသဘာဝနိယာမတရားအတိုင်း လည်ပတ်နေပါတယ်။ ဘာကြောင့်လဲ?

ဘဝဟာ အများအားဖြင့် မသေမချာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် တနေဝင် တနေထွက် ကျနော်တို့ တွက်ဆလို့ရတာတွေကို ကြည့်ပါ- ကမ္ဘာမြေဆွဲအား ပုံမှန်ဖြစ်နေမယ်၊ စားပွဲပေါ်တင်ထားတဲ့ ကော်ဖီပူပူတစ်ခွက်ဟာ အေးသွားမယ်၊ ကမ္ဘာမြေဟာ တူညီတဲ့ ၂၄ နာရီအတိုင်း လည်ပတ်နေမယ်၊ ပြီးတော့ ကမ္ဘာပေါ်မှာဖြစ်ဖြစ်၊ ဟိုး ဂလက်ဆီတန်းတွေမှာဖြစ်ဖြစ် အလင်းရဲ့မြန်နှုန်းဟာ မပြောင်းလဲဘဲ ရှိနေမယ်။

အဲဒီ ဘယ်တော့မှမပြောင်းလဲတဲ့ သဘာဝနိယာမတွေကို ကျနော်တို့ဂရုပြုနိုင်တာ ဘယ်လိုကြောင့်လဲ? ဘာကြောင့် စကြာဝဠာကြီး လုံးဝ အစီအစဉ်တကျဖြစ်ပြီး အမှန်တကယ် ယုံကြည်အားထားနိုင်ရတာလဲ?

“အထက်မြက်ဆုံးသောသိပ္ပံပညာရှင်များပင်လျှင် ဤအံ့ဖွယ်ရာကြောင့် မှင်သက်ကြလေပြီ။ စကြာဝဠာကြီးတစ်ခုအတွက် နိယာမများအတိုင်းလိုက်နာရန်၊ သင်္ချာနိယာမအတိုင်းသွားရန် ယုတ္တိယုတ္တာကျကျလိုအပ်ချက် မရှိပါပေ။ ဤအံ့သြမှင်သက်ခြင်းသည် စကြာဝဠာကြီးက ဤနည်းအတိုင်း ပြုမူစရာမလိုအပ်ဟူသောဆင်ခြင်ခြင်းမှ အခြေခံလေသည်။ တဒင်္ဂမှ တဒင်္ဂအတွင်း အခြေအနေများ ပြောင်းလဲဖြစ်ပျက်တတ်သော (သို့) အရာဝတ္ထုများ ဖြစ်ပေါ်လာလိုက်၊ ပျောက်ပျက်သွားလိုက်ဖြစ်တတ်သော စကြာဝဠာတစ်ခုအား စိတ်ကူးပုံဖော်ရန်ကား ပိုမိုလွယ်ကူလေ၏။”၁၁

လျှပ်စစ်သံလိုက်စွမ်းအားဒိုင်နမစ်ပညာဆိုင်ရာနိုဘယ်လ်ဆုရှင် ရစ်ချတ်ဖိန်းမင်းကတော့ “သဘာဝတရားဟာ သင်္ချာသဘောဆန်တယ်ဆိုတာ ဘာကြောင့် ပဟေဠိဆန်ရတာလဲ- အရာတိုင်းမှာ နိယာမတွေ ရှိတယ်ဆိုတာကိုက အံ့သြဖွယ်ဖြစ်ရပ်ပဲလေ။”၁၂ လို့ ပြောဆိုခဲ့ပါတယ်။

(၄) ဘုရားတည်ရှိပါသလား? - ဒီအဲန်အေ ( DNA) သင်္ကေတစာက ဆဲလ်တစ်ခုရဲ့ပြုမူလုပ်ဆောင်ပုံကို သိစေတယ်၊ ညွှန်ကြားပေးတယ်။

existence of Godပို့ချမှု၊ သင်ကြားမှု၊ လေ့ကျင့်ပေးမှုအားလုံးမှာ ရည်ရွယ်ချက်ရှိပါတယ်။ လမ်းညွှန်လက်စွဲစာအုပ် ရေးသူတစ်ဦးမှာလည်း ရည်ရွယ်ချက်နဲ့ ရေးတာဖြစ်ပါတယ်။ ကျနော်တို့ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်းမှာ အသေးစားကွန်ပျူတာပရိုဂရမ်နဲ့ အများကြီးတူတဲ့ အလွန်အသေးစိပ်ကျတဲ့ သင်္ကေတစနစ်ညွှန်ကြားစာတွေ ပါနေတယ်ဆိုတာ သင်သိပါရဲ့လား? သင်သိကောင်းသိပြီးသား ဖြစ်တဲ့အတိုင်း၊ ကွန်ပျူတာပရိုဂရမ်တစ်ခုဟာ တစ်တွေ၊ သုညတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတယ်၊ ခုလိုလေ- ၁၁၀၀၁၀၁၀၁၀၁၁၀၀၀။ အဲဒါတွေ စီထားတဲ့အစီအစဉ်က ကွန်ပျူတာပရိုဂရမ်ကို ဘာလုပ်မယ်ဆိုတာ ညွှန်ကြားတာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ဆဲလ်တစ်ခုစီတိုင်းက ဒီအဲန်အေသင်္ကေတတွေဟာ အဲဒါနဲ့ လွန်စွာတူပါတယ်။ ဒီအဲန်အေကုတ်ဟာ A, T, G နဲ့ C ဆိုပြီး သိပ္ပံပညာရှင်တွေ အတိုကောက်ခေါ်ဝေါ်တဲ့ ဓာတုဗေဒပစ္စည်းလေးမျိုးနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဲဒါတွေဟာ လူ့ဆဲလ်ထဲမှာ ခုလို စီရီပြီးရှိနေပါတယ်- CGTGTGACTCGCTCCTGAT စသည်ဖြင့်ပေါ့။ လူ့ဆဲလ်တိုင်းမှာ အဲဒီစာသင်္ကေတတွေဟာ သုံးဘီလီယံရှိပါတယ်!!

ဟုတ်ကဲ့၊ သင့်ဖုန်းကို တိကျတဲ့အချိန်အကြောင်းရင်းတွေအတွက် အချက်ပေးဖို့ ညွှန်ကြားနိုင်သလိုပဲ ဒီအဲန်အေက ဆဲလ်ကို ညွှန်ကြားပါတယ်။ ဒီအဲန်အေဆိုတာ ဆဲလ်ကို သေချာတဲ့နည်းအတိုင်း လုပ်ဆောင်ဖို့ ညွှန်ကြားတဲ့ သုံးဘီလီယံမျှစာစီထားတဲ့ ပရိုဂရမ်ကြီးလေ။ အဲဒါ အပြည့်အစုံပါတဲ့ လမ်းညွှန်လက်စွဲစာအုပ်တစ်အုပ်ပါပဲ။၁၃

existence of Godဘာကြောင့် အဲဒါ ဒီလောက်အံ့သြဖွယ်ကောင်းရတာလဲ? တစ်ယောက်ယောက် မေးလိမ့်မယ်- ဒီ အချက်အလက်ပရိုဂရမ်ဟာ လူ့ဆဲလ်တစ်ခုစီတိုင်းမှာ ဒီအတိုင်းလုပ်ဆောင်ဖို့ ဘယ်လို ဖြစ်လာရတာလဲ? ဒါတွေဟာ သာမန်ဓာတုဗေဒပစ္စည်းတွေ မဟုတ်ပါဘူး။ ဒါတွေဟာ အဲဒီသင်္ကေတစနစ်ကိုညွှန်ကြားတဲ့ ဓာတုဗေဒပစ္စည်းတွေဖြစ်ပါတယ်။ လူပုဂ္ဂိုလ်ရဲ့ခန္ဓာကိုယ် ဘယ်လိုကြီးထွားလာမယ်ဆိုတာ အတိအကျ အလွန်အသေးစိတ်ကျတဲ့နည်းအတိုင်း ညွှန်ကြားတာ ဖြစ်ပါတယ်။

ပရိုဂရမ်လုပ်ထားတဲ့သတင်းအချက်အလက်တွေနဲ့ပတ်သက်လာရင် သဘာဝအကြောင်းတရားတွေ၊ ဇီဝဗေဒအကြောင်းတရားတွေဟာ ရှင်းပြချက်ပေးရာမှာ လုံးဝ အားနည်းတတ်ပါတယ်။ တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ ဒီဟာကို မတည်ဆောက်ထားဘဲ ဒီလောက်တိကျတဲ့ သတင်းအချက်အလက်၊ ညွှန်ကြားချက်ကို သင် တွေ့ရမှာမဟုတ်ပါဘူး။

(၅) ဘုရားတည်ရှိပါသလား? - ဘုရားက ကျနော်တို့ကို ရှာဖွေတဲ့အတွက် ဘုရားရှိမှန်းသိရပါတယ်။ သူဟာ ကျနော်တို့ကို သူ့အထံတော်လာဖို့ အဆက်မပြတ် နှိုးဆော်ရှာဖွေနေပါတယ်။

proof of Godကျမဟာ တချိန်က ဘုရားမဲ့ဝါဒီတစ်ဦးပါ။ တခြားဘုရားမဲ့ဝါဒီတွေလိုပဲ၊ ဘုရားကိုယုံကြည်တဲ့ လူတွေအကြောင်းက ကျမကို အရမ်း စိတ်အနှောင့်အယှက်ပေးပါတယ်။ ဘုရားမဲ့ဝါဒီတွေ ဖြစ်နေပြီးတော့ ဘာကြောင့်များ အချိန်၊ အာရုံစိုက်မှုနဲ့ အားထုတ်မှုတွေအများကြီးသုံးပြီးတော့ ကိုယ်က ရှိတယ်လို့တောင်မယုံကြည်တဲ့အရာတစ်ခုအတွက် ပြန်လည်ချေပနေကြရတာလဲ?! ဘယ်အရာက ကျမတို့ကို အဲလိုလုပ်စေတာလဲ? ကျမ ဘုရားမဲ့ဝါဒီဖြစ်တုန်းက ဆင်းရဲတဲ့လူတွေ၊ [ဘာသာရေးမှာ] လှည့်စားခံရတဲ့လူတွေ [လှည့်စားခံရတယ်လို့ ကျမထင်တဲ့လူတွေ]ကို ကူညီတဲ့နေရာမှာ အာရုံစိုက်ပါတယ်။ သူတို့ရဲ့မျှော်လင့်ချက်တွေဟာ အမှန်တရားအပေါ်အခြေခံထားတာ မဟုတ်တဲ့အကြောင်း နားဝင်အောင် ပြောပြတတ်ပါတယ်။ အဲ၊ အမှန်အတိုင်းဝန်ခံရရင်၊ ကျမမှာ တခြားအကြောင်းရင်း ရှိပါတယ်။ ဘုရားယုံကြည်တဲ့သူတွေကို စိန်ခေါ်နေသလို တစ်ဖက်မှာလည်း သူတို့ကျမကို တနည်းတဖုံ ဆွဲဆောင်တရားချနိုင်မလားဆိုတာ စူးစမ်းသိမြင်လိုစိတ် ပြင်းပြခဲ့ပါတယ်။ ဘုရားနဲ့ပတ်သက်တဲ့မေးခွန်းတွေ[မသိခြင်းတွေ]ကနေ လွတ်မြောက်ချင်တာလည်း တစိတ်တပိုင်းပါတာပေါ့လေ။ သူတို့မှားတယ်လို့ မငြင်းသာအောင် ကျမက အခိုင်အမာ ထောက်ပြနိုင်ခဲ့မယ်ဆိုရင်တော့ ကိစ္စကပြတ်ပြီလေ။ ကိုယ်လည်း ကိုယ့်ဘဝနဲကိုယ် အေးဆေးသွားလို့ရပြီပေါ့။

ဘုရားနဲ့ပတ်သက်တဲ့ခေါင်းစဉ် ကျမစိတ်ထဲမှာ တော်တော်ကိုဝန်ပိနေခဲ့တာဟာ ဘုရားကပဲ အဲဒီအကြောင်းအရာကို ဖိအားပေးနေမှန်း ကျမ သဘောမပေါက်ခဲ့ဘူး။ ဘုရားက ဖွင့်ပြလိုတယ်ဆိုတာ နောက်မှပဲ သိလာရတော့တယ်။ ကျမတို့ သိလာလိမ့်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကျမတို့ကို ဘုရားဖန်ဆင်းတာဖြစ်ပါတယ်။ သူ့ကိုတွေ့ရှိနိုင်မယ့် သက်သေအထောက်အထားတွေ ကျမတို့ကို ချန်ထားပေးပြီးတော့ သူ့ရဲ့တည်ရှိခြင်းနဲ့ပတ်သက်တဲ့မေးခွန်းကို ကျမတို့ရှေ့တည့်တည့်မှာ ချထားပေးပါတယ်။ ဘုရားရှိနိုင်၊ မရှိနိုင်ဆိုတဲ့အကြောင်း ကျမ မစဉ်းစားဘဲမနေနိုင်တော့သလိုကို ဖြစ်ခဲ့ပါတယ်။ တကယ်ပဲ၊ ဘုရားရှိကြောင်း ကျမ အသိအမှတ်ပြုလက်ခံတဲ့နေ့မှာကို ကျမ ဒီလိုဆုတောင်းပါတယ်- “ဟုတ်ပြီလေ။ သင် နိုင်ပါပြီ။”လို့။ ဘုရားယုံကြည်တဲ့လူတွေကြောင့် ဘုရားမဲ့ဝါဒီတွေ စိတ်အနှောင့်အယှက်ဖြစ်ကြတဲ့ မြှုပ်နေတဲ့အကြောင်းရင်းကတော့-ဘုရားကိုယ်တော်တိုင်က သူတို့ကို တက်တက်ကြွကြွ လိုက်လံရှာဖွေနေလို့ပဲ ဖြစ်ပါလိမ့်မယ်။

ဒီလိုကြုံတွေ့တာ ကျမတစ်ယောက်တည်း မဟုတ်ပါဘူး။ ဆိုရှယ်လစ်ဝါဒီနဲ့ အတွေးအခေါ်ပညာရှင်တစ်ဦးဖြစ်တဲ့ မယ်လ်ကွန်မတ်ဂရစ်ဂ်ျက “[ကျနော်] လေ့လာစူးစမ်းနေတဲ့အပြင်ကို သူ ကျနော့်ကို လိုက်လံရှာဖွေနေတယ်ဆိုတာ စိတ်က နားလည်ခဲ့ပါတယ်။”လို့ ရေးခဲ့ပါတယ်။ စီအက်စ်လူးဝစ်စ်က “... စိတ်ထဲက အလုပ်ကို တစ်စက္ကန့်လေး ချလိုက်တာနဲ့ လုံးဝမတွေ့ကြုံချင်တဲ့‘သူ’ ရဲ့ မဆုတ်မနစ်၊ မရမက ချဉ်းကပ်ခြင်းကို ညစဉ်ညတိုင်း ခံစားနေရတယ်။ ကျနော် အရှုံးပေးလိုက်ရတယ်၊ ပြီးတော့ ဘုရားဟာဘုရားပါပဲလို့ ဝန်ခံလိုက်ရတယ်။ ဒူးထောက်ပြီးတော့ ဆုတောင်းတယ်။ အဲဒီညမှာတော့ ကျနော်ဟာ အင်္ဂလန်တခွင်လုံးမှာ စိတ်မချမ်းမြေ့ဆုံးနဲ့ အတွန့်ဆုတ်ဆုံးသော ပြောင်းလဲသူ ဖြစ်လာပါတော့တယ်။”

လူးဝစ်စ်က ဘုရားသိလာရတဲ့ရလာဒ်အနေနဲ့ “Surprised by Joy” ဆိုတဲ့စာအုပ်ကို ရေးခဲ့ပါတယ်။ ကျမတော့ ဘုရားရှိမှန်း တရားနည်းလမ်းကျကျ ဝန်ခံရုံမှတပါး တခြားဘာမျှော်လင့်ချက်မှ မရှိပါဘူး။ ဒါပေမယ့် လအတော်အတန်ကြာသွားပြီးတဲ့နောက်မှာတော့ ကျမအပေါ်သူ့မေတ္တာကို အံ့သြစွာ ခံစားခဲ့ရပါတယ်။

(၆) ဘုရားတည်ရှိပါသလား? - အခြားဖွင့်ပြခြင်းအရာတွေနဲ့မတူ၊ ယေရှုခရစ်တော်ဟာ ကျမတို့ကို ဖွင့်ပြရာမှာ ဘုရားသခင်ရဲ့ အရှင်းလင်းဆုံးနဲ့၊ အတိကျဆုံးသောပုံရိပ်တော်ပဲ ဖြစ်ပါတယ်။

ယေရှု? ဘာကြောင့်လဲ? ကမ္ဘာ့ဘာသာကြီးတွေကို ကြည့်ပါ။ ဗုဒ္ဓ၊ မိုဟာမက်၊ ကွန်ဖြူးရှပ်နဲ့ မိုးဇက်တို့ အားလုံးက ဘာသာရေးသွန်သင်သူများ (ဝါ) ပရောဖက်*များလို့ပဲ ကိုယ့်ကိုယ်ကိုဖော်ပြကြပါတယ်။ ဘယ်သူမှ ဘုရားနဲ့တူညီကြောင်း၊ ဘုရားဖြစ်ကြောင်း မကြေညာကြပါဘူး။ အံ့သြစရာကောင်းတာ ယေရှုကတော့ ကြေညာခဲ့ပါတယ်။ အဲဒါ အခြားပုဂ္ဂိုလ်တွေနဲ့ ယေရှုမတူရတဲ့အချက်ပါပဲ။ ယေရှုက ဘုရားရှိတဲ့အကြောင်းပြောပြီး သင် ယခုပဲ သူ့ကိုတွေ့မြင်နေရတယ်လို့ ပြောခဲ့ပါတယ်။ ကောင်းကင်ဘုံမှာရှိတဲ့ ခမည်းတော်အကြောင်းကို ပြောပြပေမယ့် အဲဒါ သူတို့နှစ်ဦးခွဲခြားဝေးကွာနေတဲ့ အနေအထားနဲ့ ပြောတာမဟုတ်ဘဲနဲ့၊ နီးကပ်ပြီး တလုံးတဝတည်းဖြစ်ကြောင်း၊ လူသားတွေရှေ့မှောက်မှာ အံ့သြဖွယ်တွေ့မြင်နေရတာဖြစ်ကြောင်း ပြောခြင်းသာဖြစ်ပါတယ်။ ယေရှုက သူ့ကိုတွေ့မြင်ရသူတိုင်းဟာ ခမည်းတော်ကိုတွေ့မြင်ရပြီ၊ သူ့ကိုယုံကြည်သူတိုင်းဟာ ခမည်းတော်ကို ယုံကြည်ပြီလို့ ပြောပါတယ်။

သူက “ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မှိုက်၌ မသွားမလာ၊ အသက်၏အလင်းကို ရလိမ့်မည်”၁၄ လို့ ပြောခဲ့ပါတယ်။ သူဟာ ဘုရားမှာပိုင်ဆိုင်တဲ့ ပင်ကိုယ်အရည်အချင်းတွေကို ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုပါတယ်- လူတွေရဲ့အပြစ်ကို ခွင့်လွှတ်နိုင်စွမ်းရှိတာ၊ အပြစ်ရဲ့အကျင့်ဆိုးကနေ လွှတ်ပေးနိုင်စွမ်းရှိတာ၊ ပိုမိုကြွယ်ဝသော အသက်တာကို ပေးပိုင်တာ၊ ပြီးတော့ ကောင်းကင်နိုင်ငံမှာ ထာဝရအသက်ကို ပေးပိုင်တာတွေပေါ့။ တခြား ဘာသာရေးသွန်သင်သူများလို သူတို့ရဲ့တရားကို လူတွေလိုက်လျှောက်ဖို့ မပြောဘူး။ ယေရှုက လူတွေကို “သူ့”ကို လိုက်လျှောက်ဖို့ ပြောပါတယ်။ ‘ငါ့တရားတွေကို လိုက်လျှောက်ပါ၊ သမ္မာတရားကိုတွေ့လိမ့်မယ်’ လို့ သူမပြောပါဘူး။ “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။”၁၅ လို့ပဲ ပြောပါတယ်။

ဘုရားဖြစ်ကြောင်းပြသဖို့ ယေရှု ဘာသက်သေပြချက် ပေးခဲ့ပါသလဲ? လူတွေမလုပ်နိုင်တာ သူ လုပ်ခဲ့ပါတယ်။ အံ့သြဖွယ်လက္ခဏာတွေ ပြုလုပ်ခဲ့ပါတယ်။ မျက်မမြင်တွေ၊ ဒုက္ခိတတွေ၊ နားမကြားတွေ ပျောက်ကင်းစေခဲ့ပြီးတော့ လူတချို့ကိုတောင် သေရာကနေ ပြန်ရှင်စေခဲ့ပါတယ်။ ဖန်ဆင်းခြင်းအရာတွေအပေါ်မှာ တန်ခိုးအာဏာရှိတဲ့အတွက် လူသုံးလေးထောင်လောက်ကို ကျွေးမွေးဖို့ လေထဲကနေ အစားအစာတွေ ဖြစ်လာစေတယ်။ သဘာဝတရားအပေါ်မှာလည်း အံ့သြဖွယ်လက္ခဏာတွေ ပြသခဲ့ပါတယ်- ရေလယ်မှာ လမ်းလျှောက်ခဲ့တယ်၊ ခရီးသွားဖော်တွေအတွက် အမျက်ထနေတဲ့မုန်တိုင်းကို အမိန့်ပေးရပ်တန့်စေခဲ့တယ်။ လူတွေက နေရာတိုင်းမှာ သူ့နောက်လိုက်ခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ တန်ခိုးလက္ခဏာတွေပြသပြီး သူတို့ရဲ့လိုအပ်ချက်တွေကို အဆက်မပြတ် ဖြည့်ဆည်းပေးခဲ့လို့ပါပဲ။ သူက “ငါ့စကားကိုမယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။”၁၆ လို့ ပြောခဲ့ပါတယ်။

ယေရှုခရစ်တော်က ဘုရားဟာ ကြင်နာတယ်၊ ချစ်တယ်၊ ကျနော်တို့ရဲ့တကိုယ်ကောင်းဆန်စိတ်နဲ့ မစုံလင်ခြင်းများကို သိမြင်တယ်၊ ဒါပေမယ့် ကျနော်တို့နဲ့ ရင်းနှီးကျွမ်းဝင်လိုတယ်ဆိုတာ ပြသခဲ့ပါတယ်။ ဘုရားက ကျနော်တို့ကို အပြစ်သားများဖြစ်ပြီး သူပေးအပ်မယ့်အပြစ်ဒဏ်နဲ့ ထိုက်တန်တယ်လို့ သိမြင်ပေမယ့် သူ့မေတ္တာဟာ တည်မြဲတဲ့အတွက် ကယ်တင်ဖို့ အခြားအစီအစဉ်တစ်ခု အကြံအစည်တော်ရှိခဲ့တယ်ဆိုတာ ယေရှုက ဖွင့်ပြခဲ့ပါတယ်။ ဘုရားကိုယ်တော်တိုင် လူ့ဇာတိကိုခံယူပြီးတော့ ကျနော်တို့အားလုံးအပြစ်ကိုယ်စား အပြစ်ဒဏ်ကို လက်ခံခဲ့တာဖြစ်ပါတယ်။ အဓိပ္ပာယ်မဲ့ ရယ်စရာလို့ သင်ထင်ပါသလား? ချစ်တတ်တဲ့ဖခင်တွေဟာ ကင်ဆာဆောင်ထဲက ဝေဒနာခံနေရတဲ့ ကိုယ့်သားသမီးတွေကိုယ်စား ဖြစ်နိုင်မယ်ဆိုရင် ကျေကျေနပ်နပ်ကြီး နေရာချင်းလဲလို့ရရင် လဲကြပါလိမ့်မယ်။ သမ္မာကျမ်းစာက ဘုရားကို ကျမတို့ ချစ်ရမယ့်အကြောင်းရင်းကတော့ သူက ကျမတို့ကို စချစ်လို့ပါပဲလို့ ပြောပါတယ်။

ကျမတို့ ခွင့်လွှတ်ခြင်းခံရဖို့ ယေရှုက ကိုယ်စားအသေခံခဲ့တာဖြစ်ပါတယ်။ လူသားတွေသိသမျှ ဘာသာတရားတွေထဲမှာ ယေရှုအားဖြင့်သာ ဘုရားဟာ လူတွေဆီအရောက်လှမ်းပြီး သူနဲ့ အဆက်အသွယ်ရဖို့ လမ်းခင်းပေးတယ်ဆိုတာ သင် တွေ့ရမှာဖြစ်ပါတယ်။ ယေရှုဟာ ကျမတို့ရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်း၊ သူ့ဆီခေါ်ဆောင်ပြီး ချစ်ခြင်းနဲ့ပြည့်ဝတဲ့ဘုရားရဲ့နှလုံးသားကို ထင်ရှားစေပါတယ်။ ယေရှုရဲ့သေခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ဒီနေ့ သူ ကျမတို့အား အသက်တာသစ်ကိုပေးပါတယ်။ ဘုရားက လုံးဝလက်ခံပြီး အမှန်ချစ်တဲ့အတွက် ကျမတို့ ခွင့်လွှတ်ခြင်းခံရမှာ ဖြစ်ပါတယ်။ သူက “အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါ ချစ်၏။ ထို့ကြောင့် ကရုဏာကျေးဇူးကို သင်၌ ကြာမြင့်စွာပြ၏။”၁၇ လို့ ပြောခဲ့ပါတယ်။ အဲဒါ အလုပ်နဲ့သက်သေပြတဲ့ ဘုရားပဲဖြစ်ပါတယ်။

ဘုရားတည်ရှိပါသလား? သင် သိလိုတယ်ဆိုရင် ယေရှုခရစ်တော်ကို လေ့လာစစ်ဆေးပါ။ “ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။”၁၈ လို့ ကျမတို့ သိခဲ့ရပါတယ်။

ဘုရားသခင်က သူ့ကိုယုံကြည်ဖို့ ကျမတို့ကို အတင်းအကျပ် လုပ်နိုင်ပေမယ့် မလုပ်ပါဘူး။ အဲဒီအစား ကျမတို့က ကိုယ့်ဆန္ဒအလျောက် သူ့ကိုတုံ့ပြန်နိုင်ဖို့ရာ လုံလောက်တဲ့သက်သေအထောက်အထားတွေ ထားပေးခဲ့ပါတယ်။ ကမ္ဘာမြေကြီးရဲ့ နေမှ တိကျမှန်ကန်တဲ့အကွာအဝေးမှာ တည်ရှိပုံ၊ ရေရဲ့ ထူးခြားတဲ့ ဓာတုဗေဒပစ္စည်းတွေ၊ လူ့ဦးနှောက်၊ ဒီအဲန်အေ( DNA)၊ ဘုရားကိုသိဖို့ ခိုင်မာတဲ့အထောက်အထား ပေးတဲ့လူတွေ၊ ဘုရားရှိသလားဆိုတာဆုံးဖြတ်ဖို့ ကျမတို့နှလုံးသားထဲ စိတ်ထဲကကိုက်ခဲမှုတွေ၊ ယေရှုခရစ်အားဖြင့် ဘုရားကိုသိမြင်ရဖို့ ဆန္ဒတွေ စသည်ဖြင့်ပေါ့။

ဘုရားနဲ့ ရင်းနှီးကျွမ်းဝင်မှု ယခု စတင်လိုပါက စတင်နိုင်ပါတယ်။

အဲဒါ သင့်ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်၊ အတင်းအကျပ်မဟုတ်ရပါဘူး။ ဒါပေမယ့် ဘုရားခွင့်လွှတ်တာ ခံယူပြီး သူနဲ့ဆက်သွယ်မှုထဲ ဝင်ရောက်လိုတယ်ဆိုရင်တော့ ယခုပဲ သင့်ကိုခွင့်လွှတ်ဖို့နဲ့ သင့်ဘဝထဲဝင်ရောက်လာဖို့ရာ ဆုတောင်းခြင်းအားဖြင့် လုပ်နိုင်ပါတယ်။ ယေရှုက “ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏ အသံကိုကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။”၁၉ လို့ ပြောခဲ့ပါတယ်။ သင် အဲလိုလုပ်လိုပြီး ဘယ်လိုပြောရမယ်ဆိုတာ မသိရင်တော့ ဒီဟာကအထောက်အကူ ဖြစ်ပါမယ်- “ယေရှု၊ ကျွန်တော်/ကျွန်မအပြစ်တွေအတွက် အသေခံခဲ့တာ ကျေးဇူးတင်ပါတယ်။ ကိုယ်တော် ကျွန်တော်/ကျွန်မအသက်တာကို သိမြင်ပြီး ခွင့်လွှတ်ခြင်းလိုအပ်တယ်ဆိုတာ သိပါတယ်။ ကျွန်တော်/ကျွန်မကို ခွင့်လွှတ်ဖို့နဲ့ ကျွန်တော်/ကျွန်မ အသက်တာထဲ ဝင်လာဖို့ အခု တောင်းပန်ပါတယ်။ ကျွန်တော်/ကျွန်မ ကိုယ်တော့်ကို အမှန်အတိုင်း သိချင်ပါတယ်။ ကျွန်တော်/ကျွန်မ ဘဝထဲကို အခုပဲ ဝင်လာပါ။ ကျွန်တော်/ကျွန်မ နဲ့ ရင်းနှီးကျွမ်းဝင်လိုခဲ့တဲအတွက် ကျေးဇူးတင်ပါတယ်။ အာမင်။”

ဘုရားက သင်တို့နှစ်ယောက်ကြားက ဆက်သွယ်မှုကို အတည်အဖြစ် ရှုမြင်ပါတယ်။ သူ့ကိုယုံကြည်တဲ့သူအားလုံးကို ရည်ညွှန်းပြီး ယေရှုခရစ်တော်ပြောခဲ့တယ်- “ငါ့သိုးတို့သည် … ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။ ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှ မနှုတ်မယူရာ။”၂၀

ဒါဆို ဘုရားတည်ရှိပါသလား? ဒီအချက်တွေအားလုံးကိုကြည့်ပြီးတော့ တစ်ဦးဦးက မေတ္တာနဲ့ပြည့်စုံတဲ့ ဘုရားတစ်ပါး တည်ရှိပြီး သူ့ကို ကိုယ်တိုင်ကိုယ်ကျ ရင်းနှီးကျွမ်းဝင်လို့ရတယ်လို့ သုံးသပ်နိုင်ပါတယ်။ ယေရှုဘုရားဖြစ်ကြောင်း ပြောဆိုချက် (သို့) ဘုရားတည်ရှိခြင်းအကြောင်း ပိုမိုသိလိုတယ် (သို့တည်းမဟုတ်) အဲဒါတွေနဲ့အလားတူ အရေးကြီးတဲ့မေးခွန်းတွေ ရှိတယ်ဆိုရင် ကျေးဇူးပြု၍ ကျနော်တို့ကို အီးမေးလ်ပေးပို့ပါ။

သခင်ယေရှုကို ကျနော်/မအသက်တာထဲ ဖိတ်ခေါ်ပြီးပါပြီ (အခြားအထောက်အကူပြုအချက်အလက်များ လိုက်လာရန်)

သခင်ယေရှုကို ကျနော်/မအသက်တာထဲ ဖိတ်ခေါ်ကောင်းဖိတ်ခေါ်လိုမှာဖြစ်ပါတယ်။ ကျေးဇူးပြု၍ ဒီအရာကို ပိုမိုပြည့်စုံစွာရှင်းပြပေးပါ။

မေးစရာတစ်ခုရှိပါတယ်...

စာရေးသူအကြောင်း - ယခင်ဘုရားမဲ့ဝါဒီတစ်ယောက်အနေနဲ့ မေရီလင်းအာဒမ်ဆင်ဟာ သူမ အလွန်ရင်းနှီးတဲ့ သူငယ်ချင်းရဲ့ စဉ်ဆက်မပြတ် ပြည့်ခဲ့တဲ့ ဆုတောင်းချက်တွေနဲ့ ဘဝအရည်အသွေးတွေကို ပြန်လည်ချေပဖို့ အခက်အခဲတွေ့ခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူရဲ့ယုံကြည်မှုတွေကို စိန်ခေါ်ရင်းနဲ့မှ မေရီလင်းဟာ ဘုရားရှိကြောင်းညွှန်ပြတဲ့ မှန်ကန်တဲ့အထောက်အထားတွေ ဒုနဲ့ဒေးရှိနေတာကို အံ့သြစွာ တွေ့ရှိခဲ့ပါတယ်။ တစ်နှစ်လောက် ခေါင်းမာမာနဲ့ သံသယထားပြီးတဲ့နောက်မှာတော့ သူမဟာ သူမဘဝထဲဝင်လာဖို့ ဘုရားရဲ့ကမ်းလှမ်းချက်ကို တုံ့ပြန်လက်ခံခဲ့ပါတယ်။ အမြဲရုပ်လုံးပီပြင်စေပြီး အလွန်ကောင်းကျိုးပြုတဲ့ ယုံကြည်ခြင်းကို သူ့အထံတော်မှာ တွေ့ရှိခဲ့ပါတယ်။

(၁) ရောမ ၁း၁၉-၂၁
(၂) ယေရမိ ၂၉း၁၃-၁၄
(၃) R.E.D. Clark, Creation (London: Tyndale Press, 1946), p. 20
(၄) The Wonders of God’s Creation, Moody Institute of Science (Chicago, IL)
(၅) Ibid.
(၆) Ibid.
(၇) Ibid.
(၈) Hugh Davson, Physiology of the Eye, 5th ed (New York: McGraw Hill, 1991)
(၉) Robert Jastrow; “Message from Professor Robert Jastrow”; LeaderU.com; 2002.
(၁၀) Steven Weinberg; The First Three Minutes: A Modern View of the Origin of the Universe; (Basic Books, 1988); p 5.
(၁၁) Dinesh D’Souza, What’s So Great about Christianity; (Regnery Publishing, Inc, 2007, chapter 11).
(၁၂) Richard Feynman, The Meaning of It All: Thoughts of a Citizen-Scientist (New York: BasicsBooks, 1998), 43.
(၁၃) Francis S. Collins, director of the Human Genome Project, and author of The Language of God, (Free Press, New York, NY), 2006
(၁၄) ရှင်ယောဟန် ၈း၁၂
(၁၅) ရှင်ယောဟန် ၁၄း၆

ဆောင်းပါးကိုဝေမျှရန်