ဘုရားခင်တည်ရှိခြင်းကို သက်သေပြနိုင်ပါ၏လော။

By Gregory E. Ganssle, Ph.D.

အီမန်နုူရယ်ကန့်၏ Critique of Pure Reason, စာအုပ်ထွက်ရှိလာပြီးနောက်ပိုင်း၊ ဘုရားသခင်တည်ရှိကြောင်း သက်သေပြရန်မဖြစ်နိုင်ပါ ဟူ၍လူများစွာတို့က အခိုင်အမာပြောဆိုလာကြသည်။ အကယ်စင်စစ်၊ ဤအချက်များသည်ပင် အမေရိကန်လူမျိုးများ၏ သက်ဝင်ယုံကြည်မှုအယူဝါဒဆိုင်ရာ အသိဉာဏ်ပညာများကိုမြှင့်တင်ပေးခဲ့လေသည်။ အငြင်းပွားဖွယ်မရှိဟု ထင်ရသောအယူဝါဒသည်ပင်လျှင် မေးခွန်းထုတ်စရာဖြစ်လာနိုင်သော အချက် (ဝါ) ဆင်ခြေဖြစ်လာ ပြန်သည်။ တစ်စုံတစ်ဦးမှ ဘုရားသခင်တည်ရှိကြောင်းသက်သေပြ၍မရနိုင်ဟု ဆိုလာလျှင်၊ အဘယ်ကြောင့် သက်သေမပြ နိုင်ကြောင်းသင်သိသနည်းဟူ ပြန်လည်မေးမြန်းလိုပါသည်။ အသင်နှင့်တွေ့ဆုံလျှင် ကျနု်ပ်ပြောပြနိုင်သည်များဝေမျှလိုပါ သည်။

ဘုရားသခင်တည်ရှိကြောင်းသက်သေမပြနိုင်ဟု ဆိုကြရာတွင် မည်သည်ကိုဆိုလိုကြသနည်း။ လူအများစုမှာ ဘုရားသခင်တည်ရှိကြောင်း လူအများကျေနပ်နားလည်နိုင်သော ဒဿနိကဆိုင်ရာအဆို/သက်သေပြချက် ကို မဖော်ထုတ်နိုင်ဟု ဆိုလိုကြပေသည်။ အဆိုတစ်ခုကိုဖော်ထုတ်၍ အတင်းအဓမ္မ သဘောတူခိုင်း၍လဲမရပေ။ ကျနု်ပ်၏ အဆိုသည်လည်း ဘုရားမဲ့ဝါဒီတစ်ဦး နားလည်လက်ခံအောင်မတတ်စွမ်းနိုင်လျှင်၊ ဘုရားသခင်တည်ရှိကြောင်းကျနု်ပ် သက်သေမပြနိုင်ဟု ပြောကြပေမည်။ ထိုသူနားလည်လက်ခံနိုင်ခြင်းမရှိသည့်အတွက်၊ ကျနု်ပ်၏အဆိုသည်လည်း သူတို့အတွက် သက်သေပြချက်တစ်ခုမဖြစ်နိုင်ပေ။

လူတိုင်းလက်ခံသဘောပေါက်နိုင်သောအဆို ကျန်ုပ်မဖော်ထုတ်နိုင်ပါ။ ဤအချက်သည်ပင် ဘုရားသခင်၏တည်ရှိခြင်း ကိုသက်သေပြမည့်ပုံစံ၊ သဘောတရားကိုပို၍ စဉ်းစားလာစေပါသည်။ ဘုရားသခင်တည်ရှိကြောင်း သံသယကင်းစွာဖြင့် လူတိုင်းလက်ခံသဘောပေါက်နိုင်သောအဆိုကို ကျနု်ပ်ဖော်ထုတ်နိုင်မည်မဟုတ်ပါ။ ဤအရာသည်ပြဿနာမဟုတ်ပါ။ အကြောင်းမှာ လူတိုင်းသံသယကင်းစွာလက်ခံနိုင်သော ဒဿနိကဆိုင်ရာသက်သေပြချက် (ဝါ) နိဂုံးကို ကျန်ုပ်မဖော် ထုတ်နိုင်ပါ။

ဒဿနိကပညာရှင်များအတွက် အငြင်းပွားဖွယ်ရာမရှိသောအဆိုဖြစ်အောင် ကျန်ု်ပ်အနေဖြင့်သက်သေမပြနိုင်ပါ။ ဆိုရသော်- ရော်ကီတောင်တန်းကြီးအမှန်တကယ်တည်ရှိပါသည် ကျန်ုပ်၏စိတ်(mind) လက်ခံနားလည်မှုပါရှိဘဲ ရှိသည်ဟု မပြောနိုင်သကဲ့သို့ ဖြစ်သည်။ စကြာဝဠာတစ်ခုလုံး ငါးမိနစ်အတွင်းဘွားခနဲတည်ရှိလာသည်ဟု ကျနု်ပ်သက်သေ မပြနိုင်သကဲ့သို့၊ ကျနု်ပ်တို့၏သိမှတ်ထားသမျှအရာများသည်လည်း အစစ်အမှန်တရားများဟု ကျနု်ပ်သက်သေမပြနိုင်ပါ။ ကိုယ့်အနီးအနားမှ မြင်တွေ့နေရသော လူများတွင်လည်း စိတ်များ (minds) ရှိကြောင်း သက်သေမပြနိုင်ပါ။ သူတို့တွေဟာ အလွန်အဆင့် မြင့်သော စက်ရုပ်များလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

အငြင်းပွားဖွယ်ရာမရှိသော ဒဿနိကဆိုင်ရာနိဂုံးဟုလည်းမရှိပါ။ သချာင်္နည်းဖြင့်တိတိကျကျကိန်းသေတွက်၍လည်း ဘုရားသခင်၏ တည်ရှိခြင်းကို ဖော်ပြရန်အတွက်အဆိုများမရှိနိုင်သည့်အလျှောက်ပို၍အငြင်းပွားဖွယ်ဖြစ်လာရသည်။ ထို့ကြောင့်ပင် ဘုရားသခင်တည်ရှိခြင်းဆိုင်ရာမေးခွန်းများသည် ကမ္ဘာကြီး၏ တည်ရှိခြင်းအကြောင်းကို စိတ်(mind) ၏သိမြင်နားလည်မှု မပါဘဲမည်သို့ဖော်ပြနိုင်မည်နည်း၊ တဖန်၊ အခြားသူများတွင်လည်းစိတ် (minds) ရှိကြောင်း မည်ကဲ့သို့ သိနိုင်မည်နည်း ဟူသောမေးခွန်းများနှင့် ဆင်တူလာသည်။

လူတိုင်းနားလည်လက်ခံနိုင်သောအဆိုကို ကျန်ုပ်မဖော်ထုတ်နိုင်သော်ကြောင့် ဘုရားသခင်ကိုယုံကြည်ရန် သင့်မြတ်သော အကြောင်းတရားမရှိဟု အဓိပ္ပါယ်မသက် ရောက်ပါ။ ကျနု်ပ်တင်ပြမည့်အချို့အဆိုများသည် ဘုရားသခင်တည်ရှိကြောင်း သင်နားလည်လက်ခံနိုင်ရန် ကျေနပ်ဖွယ်ကောင်းသော အချက်ဖြစ်ကောင်းဖြစ်ပေမည်။ သင့်အတွက်ကျေနပ်ဖွယ် ကောင်းသော အဆိုမဖြစ်သော်ငြားလည်း၊ ကျနု်ပ်၏အဆိုများအချည်းနှီးဖြစ်မသွားပါ။ တောင်တန်းကြီးများ၏တည်ရှိမှု၊ ကျနု်ပ်တို့၏မှတ်ဉာဏ်များတည်ရှိမှု၊ အခြားသူများတွင်လည်းစိတ်ရှိကြောင်းများကို ကျန်ုပ်တို့သက်သေမပြနိုင်သော်လည်း ယုံကြည် ရန်ကျိုးကြောင်းဆီလျှော်သည်ဖြစ်ရာ ယုံကြည်ကြခဲ့ပြီဖြစ်သည်။ ထိုနည်းတူစွာ ဘုရားသခင်တည်ရှိကြောင်း ယုံကြည်ခြင်း သည် ကျိုးကြောင်းဆီလျှော်ကြောင်း အဆိုများရှိရာ၏။

ဘုရားသခင်နဲ့ဆက်သွယ်မှု ဘယ်လိုအစပြုမလဲ?

မေးစရာတစ်ခုရှိပါတယ်